Blogger Widgets

Monday, September 2, 2013

ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးလိုက်နဲ့ ဆံပင်သားတွေခြောက်သွေ့ ပျက်စီးပြီး အဖျားနှစ်ခွတွေဖြစ်လို့ စိတ်ညစ်နေပါသလား...

ဆံပင် အဖျားနှစ်ခွဖြစ်ခြင်း ကင်းစေရန်

ဆံပင် အဖျားနှစ်ခွဖြစ်ခြင်း ကင်းစေရန် ဆံပင်သားကို အရောင်ဆိုးဆေး၊ အရောင်ချွတ်ဆေး၊ ဆံပင် လိမ်းဂျဲလ်၊ ဆံပင်ဖျန်းစပရေးနဲ့ ဆံပင်လေမှုတ်စက် စတာတွေ ထိတွေ့မှုကြောင့် ဆံပင်သား ခြောက်သွေ့ပျက်စီးမှု ဖြစ်စေရုံ သာမက ဆံပင်အဖျား နှစ်ခွကွဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဦးရေပြားကို ပုံမှန်နှိပ်နယ်ပြီး ရေနွေးငွေ့ပေးပါ

ဦးရေပြားကို အုန်းဆီ၊ သံလွင်ဆီနဲ့ မုန်ညင်းဆီတို့ လိမ်းပြီး တစ်ပတ် နှစ်ကြိမ် အနည်းဆုံး ၁၀-၁၅ မိနစ်ခန့် နှိပ်နယ်ပေး ပါ။ လိမ်းပြီးနောက် အချိန် ၅-၇ မိနစ်ကြာ ဆံပင်သားကို ရေ နွေးငွေ့နဲ့ ပေါင်းခံပေးပါ။ ဒါဆိုရင် ဆံပင်သားထဲကို အဆီ ဝင် ရောက်မှု ကောင်းစေပြီး ဆံပင်သား အရင်းနေရာမှာ သွေးလှည့် ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆံပင်သား စိုပြည်စေတဲ့ အတွက်

သင့်ကျန်းမာရေး (ဦးနှောက်နဲ့ မှတ်ဉာဏ်)

မနက်စာ မစားခြင်းဟာ ဦးနှောက် ညံ့ဖျင်းစေတဲ့ အချက်တစ်ခု ဖြစ်တယ်။ မနက်စာ မရှိရင် သွေးကြောထဲမှာ သကြားဓာတ် နိမ့်ကျပြီး ဦးနှောက်အတွက် လုံလောက်တဲ့ အာဟာရ မရှိဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်း စေပါတယ်။ လိုတာထက် ပိုစားသောက် ပြန်ရင်လည်း ဦးနှောက်ထဲကို သွားတဲ့ သွေးလွှတ်ကြောတွေ တင်းမာစေတဲ့ အတွက် ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်း၊ အသုံးပြု နိုင်စွမ်းနဲ့ သိမ်းဆည်းနိုင်စွမ်း တွေကို ကျစေပြန်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ နီကိုတင်းဓာတ်က စိတ်ကို စွဲလမ်းစေသလို ဦးနှောက်ကို ကျုံ့စေပြီး အယ်ဇိုင်းမားရော ဂါခေါ် လူ့မှတ်ဉာဏ်နဲ့ စဉ်းစား ဆင်ခြင် နိုင်စွမ်းတွေကို ကျဆင်း စေပါတယ်။

အချိုဓာတ် လွန်ကဲစွာ စားသုံးရင် ခန္ဓာကိုယ်အတွက် အသုံးပြုတဲ့ ပရိုတိန်းနဲ့ အစာရေ စုပ်ယူနေမှုကို
^ Scroll to Top