Telenor
မှ ဆင်းမ်ကတ်များတွင် အင်တာနက် ၀န်ဆောင်မှုပါ တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး
၎င်းတို့ကုမ္ပဏီ အနေနှင့် လိုင်စင်လက်ဝယ် ရရှိအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ
စတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း Telenor Myanmar ၏ CEO အဖြစ် ခန့်အပ်ခံရသူ
မစ္စတာ ပတ်တာဖားဘတ်က ဇူလိုင် ၁၇ တွင် ပြောကြားလိုက်သည်။
"အခုက တာဝါတိုင်တွေဆောက်ဖို့ ပူးတွဲလုပ်ကိုင်မယ့် သူတွေနဲ့ ဆွေးနွေးညှိနှိုင်း နေပါတယ်။ တစ်နိုင်ငံလုံးမှာ 2G ရော 3G ပါ သုံးစွဲနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်ကိုလည်း ၁၅၀၀ ထက်နည်းတဲ့ ငွေကြေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။