google play မှ apk များ ဒေါင်းလုဒ်ယူချင်သူများ အတွက် http://apps.evozi.com/apk-downloader/ ဆိုတဲ့ Link ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါသည်..။
Tuesday, November 5, 2013
အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို မမေးသင့်တဲ့မေးခွန်း ၅ ခု
လူမှုအသိုင်းအဝိုင်းထဲမှာဝင့်ဆံ့နိုင်ဖို့ ဆိုရင် စကားများများပြောဆိုသင့်ပါတယ်။ စကားချည်းပဲပြောဆိုနေရုံနဲ့ လည်းလူအများရဲ့ စိတ်ဝင်စားမှုကိုဖမ်းစားနိုင်မှာမဟုတ်ပါဘူး။ စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းလေး တွေကိုစကားဝိုင်းတစ်ခုမှာ ထုတ်ဖော်မေးမြန်းနိုင်ရင်တော့ ကိုယ်ပြောနေတဲ့ စကားဝိုင်းကလူတွေအားလုံးရဲ့  အာရုံကိုဖမ်းစားနိုင်မှာပါ။ ဒါပေမယ့် အချိန်အခါ နေရာရွေးပြီးတော့ မေးသင့်ပါတယ်။ အထူးသဖြင့် စကားဝိုင်းမှာ အမျိုးသမီးတွေပါနေရင် သူ့ တို့ ကိုမမေးသင့်တဲ့ မေးခွန်းတွေရှိပါတယ်။ ဒါတွေကတော့-
၁) အရင်ရည်းစားက ဘယ်လိုပုံစံမျိုးလဲ၊
ဒီလိုမေးခွန်းတွေက အမျိုးသမီးတွေကိုအကြပ်ရိုက်မိစေတတ်ပါတယ်။ အရင်ရည်းစားလို့  ဆိုလိုက်ကတည်းက အတိတ်ကာလက စိတ်ပျက်စရာကိစ္စတစ်ခုလို ဖြစ်သွားပြီမို့ လို့  အတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီး နောက်ကြောင်းတွေ မပြန်ခိုင်းချင်ပါနဲ့ တော့။
၂)ကိုယ်ဝန်ရှိနေပြီလား။
မေးခွန်းတစ်ခုရဲ့ အဓိပ္ပာယ်ကိုထဲထဲဝင်ဝင် လေးလေးနက်နက် စဉ်းစားနိုင်စွမ်းက အမျိုးသမီးတွေမှာ ရှိတတ်ပါတယ်။ နည်းနည်းအဝလွန်နေတဲ့ အမျိုးသမီးတွေကို ဒီလိုမေးခွန်းမေးလိုက်တာကသူတို့ စိတ်ကိုတော်တော်လေးထိခိုက်စေပါတယ်။ဒီအမျိုးသမီးတွေမှာနဂိုကတည်းကကိုယ်အလေးချိန်နဲ့ ပက်သက်ရင် စိတ်ဖိစီးမှုတွေရှိနေတတ်ကြပါတယ်။ နောက်တစ်မျိုးကတော့
Subscribe to:
Posts (Atom)