ဖ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင် ဖေ့စ်ဘွတ်ကိုသုံး၍ ပြည်တွင်း၌ အမုန်း ဖွယ်ကိစ္စရပ်များ ပြုလုပ်ကြောင်း ပြောဆိုမှုများကြောင့် ယင်းသို့ မြန်မာစာတတ်ကျွမ်းသည့်ဝန်ထမ်း ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်၏ Global Public Policy ဌာန ဒါရိုက်တာဖြစ်သူက ယခုလနောက်ဆုံးပတ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း တွင် ကျင်းပသည့်Internet Governance ဖိုရမ်၌ အထက်ပါအဖွဲ့သို့ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသားလို့တော့ မပြောဘူး။ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်မယ်။ သူက စီမံခန့်ခွဲရေးအပိုင်း ဖြစ်ဖို့များတယ်” ဟု MIDO မှ ဖိုရမ်သို့ တက်ရောက်ခဲ့သူ မထိုက်ထိုက်အောင်က ပြော သည်။၎င်းဝန်ထမ်းက မြန်မာပြည်မှ အ သုံးပြုသူများ၏ ပေ့ခ်ျများကို အချိန်ပြည့် ကြည့်ရှုနေမည်မဟုတ်ဘဲ အမုန်းပွား ဖွယ်ဆန်သည့် ပဋိပက္ခအသွင်ဆောင် စကားလုံးများ ပါဝင် သည့် ပေ့ခ်ျတို့ကို သာ စောင့်ကြည့်မည်ဖြစ်သည်။
Thursday, October 31, 2013
Monday, October 28, 2013
သင် မှတ်ဥာဏ်ကောင်းလိုသလား....
မှတ်ဥာဏ်ကောင်းလိုသလား
တစ်နေ့မှာ မိနစ် (၃၀)လမ်းလျှောက်တာလိုပဲ အောက်ပါ နည်းလမ်းခြောက်သွယ်ဟာလည်း ဦးနှောက်ကို ကျန်းမာထက်မြက်နေစေပါတယ်………………….
(၁) အိန္ဒိယအစားအသောက်စားပါ
သီတင်းပတ်တိုင်းမှာ နနွင်း၊ မုန့်ညင်းနဲ့ တခြားဟင်းခတ်
အမွှေးအကြိုင်ပါတဲ့ အစားအသောက်တွေကို အနည်းဆုံး ခြောက်ကြိမ်ခန့် စားပေးပါ။ နနွင်းထဲမှာပါတဲ့ ကာကူမင်(Crucumin)ဓာတ်ဟာ အယ်လ်ဇိုင်းမား
ရောဂါ အန္တရာယ်ကို လျော့ကျစေပါတယ်။
(၂) သူတစ်ပါးကို သင်ကြားပေးပါ
ဘ၀တစ်လျှောက်လုံး သင်ယူသူအဖြစ် နေထိုင်ရင်းသူတစ်ပါးကို ပညာမျှပေးပါ။ သင့်အနေနဲ့ တခြားတစ်ယောက်ကို ပညာတွေ မျှဝေပေး
တာကသင့်အနေနဲ့ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို စုဆောင်းထိန်းသိမ်းပေးရာ ရောက်ပါတယ်။
(၃) ခရမ်းချည်သီးစားပါ
တစ်ပတ်မှာအနည်းဆုံး ခရမ်းချည်သီးစားမြိန်ရည် (Tomato sauce) (၁၀)ဇွန်းကို သံလွင်ဆီ၊ သကြားမပါဘဲ စားပေးတာက ဦးနှောက် စွမ်းအားကို
ကောင်းမွန်စေပါတယ်။
တစ်နေ့မှာ မိနစ် (၃၀)လမ်းလျှောက်တာလိုပဲ အောက်ပါ နည်းလမ်းခြောက်သွယ်ဟာလည်း ဦးနှောက်ကို ကျန်းမာထက်မြက်နေစေပါတယ်…………………
(၁) အိန္ဒိယအစားအသောက်စားပါ
သီတင်းပတ်တိုင်းမှာ နနွင်း၊ မုန့်ညင်းနဲ့ တခြားဟင်းခတ်
အမွှေးအကြိုင်ပါတဲ့ အစားအသောက်တွေကို အနည်းဆုံး ခြောက်ကြိမ်ခန့် စားပေးပါ။ နနွင်းထဲမှာပါတဲ့ ကာကူမင်(Crucumin)ဓာတ်ဟာ အယ်လ်ဇိုင်းမား
ရောဂါ အန္တရာယ်ကို လျော့ကျစေပါတယ်။
(၂) သူတစ်ပါးကို သင်ကြားပေးပါ
ဘ၀တစ်လျှောက်လုံး သင်ယူသူအဖြစ် နေထိုင်ရင်းသူတစ်ပါးကို ပညာမျှပေးပါ။ သင့်အနေနဲ့ တခြားတစ်ယောက်ကို ပညာတွေ မျှဝေပေး
တာကသင့်အနေနဲ့ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို စုဆောင်းထိန်းသိမ်းပေးရာ ရောက်ပါတယ်။
(၃) ခရမ်းချည်သီးစားပါ
တစ်ပတ်မှာအနည်းဆုံး ခရမ်းချည်သီးစားမြိန်ရည် (Tomato sauce) (၁၀)ဇွန်းကို သံလွင်ဆီ၊ သကြားမပါဘဲ စားပေးတာက ဦးနှောက် စွမ်းအားကို
ကောင်းမွန်စေပါတယ်။
Subscribe to:
Posts (Atom)