Blogger Widgets

Tuesday, July 2, 2013

Beauty Quiz

သင့်အနေနဲ့ ဘယ်လို အလှတရားကို ပိုင်ဆိုင်သလဲဆိုတာ သိစေဖို့ အောက်ပါတို့ကို ဖြေကြည့်ပါ။

(၁) သင့်ဆံပင်ကို ဘယ်လို ပြုပြင်လေ့ ရှိသလဲ။

(a) ခေါင်းလျှော်တယ်၊ ကွန်ဒီရှင်နာ သုံးတယ်၊ ပြီးရင် ကြည့်ကောင်းအောင် ပုံသွင်းတယ်၊ မကြာခဏ ဆံပင်ကို ပေါင်းတင်တယ်။

(b) ဆံပင် အလှပြင်ပစ္စည်းနဲ့ ဆံပင် ပုံသွင်းပစ္စည်းတွေကို သုံးရတာ သဘောကျပါတယ်။



(c) ခေါင်းလျှော်တယ်၊ ကွန်ဒီရှင်နာ သုံးတယ်၊ ဆံပင်ကောက်တံနဲ့ လိပ်တယ်။

(d) ခေါင်းလျှော်ပြီး အပြင်ထွက်သွားလိုက်တာပဲ။ ဆံပင်တွေ မရှုပ်ရင် ပြီးတာပဲ။

(e) တစ်ကိုယ်လုံးပါ ရနံ့သင်းပျံ့စေမယ့် ဆံပင်လိမ်း ပစ္စည်းတွေကို သုံးတယ်။

(၂) သင်ဟာ မိတ်ကပ်လိမ်းပြီး အောက်ပါ အလှကုန်တွေ သုံးလေ့ရှိပါတယ်။

(a) အနီရောင် နှုတ်ခမ်းနီနဲ့ အမည်းရောင် မက်စ်ကာရာပဲ ဆိုးတယ်။

(b) ကိုယ့်ကိုယ်ကိုယ် သေချာလှအောင် မပြင်ဆင်ဘဲ ဘယ်တော့မှ အပြင်မသွားဘူး။

(c) ပန်းရောင်သန်းစေမယ့် မိတ်ကပ်တွေ သုံးပြီး ပြင်တယ်။ မျက်တောင်ကော့တံနဲ့ မကော့ဘဲ အပြင်မထွက်ဘူး။

(d) ထူးထူးခြားခြား ဘာမှ မလိမ်းဘူး။

(e) အသားအရေ ထိန်းသိမ်းမှု ကောင်းကောင်းလုပ်တယ်၊ အရည်အသွေးကောင်းတဲ့ မိတ်ကပ်လိမ်းတယ်။

(၃) အလုပ်/ ကျောင်းသွားတိုင်း မိနစ် ၃၀ အမြဲ နောက်ကျတယ်။ ဘာကြောင့်လဲ။

(a) အလှပြင်နေရလို့ပါ။ ပြီးတော့ အလုပ်သွားတဲ့ လမ်းတစ်လျှောက် ကားပေါ်မှာ ဆံပင်တွေကိုလည်း ပြင်ဖြစ်ပါတယ်။

(b) အဝတ်အစား ရွေးတာ၊ မီးပူတိုက်တာတို့ လုပ်နေလို့ပါ။

(c) ဆံပင်ကို ပြင်တယ်၊ နှုတ်ခမ်းကို ပန်းရောင်သမ်းအောင် ဆိုးရတယ်၊ ချစ်စရာကောင်းတဲ့ပုံ ဖြစ်အောင် ဝတ်တယ်။

(d) အိပ်ရာထရမှာ ပျင်းနေလို့ နောက်ကျတာ၊ ဘာမှ ပြင်ဆင်နေတာ မဟုတ်ဘူး။

(e) ချစ်စရာကောင်းတဲ့ ဦးထုပ်၊ အဝတ်အစားနဲ့ လိုက်မယ့် လက်ဝတ်လက်စား နေကာမျက်မှန် ဒါတွေ ရွေးနေရလို့ပါ။

(၄) သင်သဘောကျတဲ့ အမျိုးသားတွေရဲ့ ပုံစံက-

(a) ပညာတတ်ရမယ်၊ စမတ်ကျရမယ်၊ မိသားစုမျိုးရိုး ကောင်းရမယ်။

(b) ဂရုစိုက်တတ်ရတယ်၊ ကြင်နာတတ်ရမယ်၊ အားကိုးချင်စရာ ကောင်းရမယ်။

(c) သူလို ကိုယ်လို မထူးခြားတဲ့သူ၊ ဒါပေမဲ့ အလိုလိုက်ဖို့တော့ လိုပါတယ်။

(d) အပြုအမူကောင်းပြီး ရှေးဆန်တဲ့ လူကြီးလူကောင်းပုံစံ။

(e) ပျော်တတ်ရမယ်၊ ပေါ့ပေါ့ပါးပါး နေတတ်ရမယ်၊ ခင်မင်တတ်ရမယ်။

(၅) သင့်ခန္ဓာကိုယ်ပုံစံက -

(a) အနေတော်ပဲ။

(b) လုံးကြီးပေါက်လှ။

(c) သွယ်လျတယ်။

(d) မိန်းမဆန်ဆန် အချိုးအစား လှတယ်။

(e) ကြံ့ခိုင် သန်စွမ်းတဲ့ပုံ။

(၆) သူငယ်ချင်းနဲ့ ထမင်း အတူစားဖို့ သွားရင် ဘာဝတ်သွားတတ်သလဲ။

(a) ဂျင်းဘောင်းဘီ။ လိုက်ဖက်တဲ့ ဖိနပ်အမြင့် စီးပြီး ပဝါဆောင်တယ်။

(b) စတိုင်ဘောင်းဘီ။ ဒေါက်ဖိနပ်။

(c) ဂါဝန်နဲ့ ကြိုးသိုင်းဖိနပ်။

(d) စကတ်ရှည်နဲ့ ဘလောက်စ်အင်္ကျီ လှလှ။

(e) ဂျင်းဘောင်းဘီ၊ ချစ်စရာကောင်းတဲ့ တီရှပ်။

သင်ရွေးချယ်ထားသော အဖြေမှန် များထဲတွင်-

(a) များပါက “သင်ဟာ အဆင့်အတန်းရှိတဲ့ အလှပိုင်ရှင်” ပါ။ ဘယ်လောက်ပဲ အသက်ကြီးသွားပါစေ၊ ကြည့်ကောင်း တင့်တယ်နေမယ့် အလှရှိသူလည်း ဖြစ်ပါတယ်။ ကောင်လေးတွေထက် လူကြီးလူကောင်းတွေ သဘောကျမယ့် ပုံမျိုးပါ။

(b) များပါက “သင်ဟာ မိန်းမဆန်တဲ့ အလှပိုင်ရှင်” ပါ။ အမျိုးသားတွေက အိမ်ထောင်ရှင်မအဖြစ် ရွေးချယ်ချင်တဲ့ ပုံမျိုးလည်း ဖြစ်ပါတယ်။ မိန်းမဆန်တဲ့ ဝတ်စုံတွေနဲ့ လိုက်ဖက်ပြီး ဂျင်းဘောင်းဘီ၊ စတော့ကင်တွေနဲ့ သိပ်မလိုက်ပါဘူး။

(c) များပါက “သင်ဟာ ကလေးဆန်ဆန် ချစ်စရာကောင်းတဲ့ အလှပိုင်ရှင်” ပါ။ ခေတ်မီတဲ့ အဝတ်အစားတွေနဲ့ လိုက်ဖက်ပြီး နုနယ်တဲ့သွင်ပြင် ရှိပါတယ်။ လူငယ်လေးတွေ သဘောကျတဲ့ ပုံစံမျိုးပါ။

(d) များပါက “သင်ဟာ ပင်ကို အလှပိုင်ရှင်” ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး မပြုပြင်ထားရင်လည်း ကိုယ်ပိုင်စတိုင် ရှိနေမယ့်သူ ဖြစ်ပါတယ်။ လူလတ်ပိုင်းတွေ သဘောကျတတ်တဲ့ ပုံမျိုးပါ။

(e) များပါက “သင်ဟာ သဘာဝကျတဲ့ အလှပိုင်ရှင်” ပါ။ အမျိုးသားအများစု သဘောကျတဲ့ အလှပိုင်ရှင်မျိုးလည်း ဖြစ်ပါတယ်။ အိပ်ရာနိုးလို့ ဘာမှ လိမ်းမထားလည်း လှပနေမယ့် ပုံမျိုးပေါ့။

Ref: Good Health


No comments:

Post a Comment

^ Scroll to Top