တစ်နေ့မှာ မိနစ် (၃၀)လမ်းလျှောက်တာလိုပဲ အောက်ပါ နည်းလမ်းခြောက်သွယ်ဟာလည်း ဦးနှောက်ကို ကျန်းမာထက်မြက်နေစေပါတယ်…………………
(၁) အိန္ဒိယအစားအသောက်စားပါ
သီတင်းပတ်တိုင်းမှာ နနွင်း၊ မုန့်ညင်းနဲ့ တခြားဟင်းခတ်
အမွှေးအကြိုင်ပါတဲ့ အစားအသောက်တွေကို အနည်းဆုံး ခြောက်ကြိမ်ခန့် စားပေးပါ။ နနွင်းထဲမှာပါတဲ့ ကာကူမင်(Crucumin)ဓာတ်ဟာ အယ်လ်ဇိုင်းမား
ရောဂါ အန္တရာယ်ကို လျော့ကျစေပါတယ်။
(၂) သူတစ်ပါးကို သင်ကြားပေးပါ
ဘ၀တစ်လျှောက်လုံး သင်ယူသူအဖြစ် နေထိုင်ရင်းသူတစ်ပါးကို ပညာမျှပေးပါ။ သင့်အနေနဲ့ တခြားတစ်ယောက်ကို ပညာတွေ မျှဝေပေး
တာကသင့်အနေနဲ့ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို စုဆောင်းထိန်းသိမ်းပေးရာ ရောက်ပါတယ်။
(၃) ခရမ်းချည်သီးစားပါ
တစ်ပတ်မှာအနည်းဆုံး ခရမ်းချည်သီးစားမြိန်ရည် (Tomato sauce) (၁၀)ဇွန်းကို သံလွင်ဆီ၊ သကြားမပါဘဲ စားပေးတာက ဦးနှောက် စွမ်းအားကို
ကောင်းမွန်စေပါတယ်။
(၄) များများရယ်ပါ
ရယ်တာက မှတ်ဥာဏ်ကောင်းမွန်စေပါတယ်။ ဒါကြောင့် များများရယ်ပါ။ မရယ်ဖြစ်တဲ့နေ့တွေမှာ ဟာသဇာတ်လမ်းတွေကြည့်
တာမျိုး၊ ဟာသကာတွန်းတွေ ဖတ်တာမျိုး ပြုလုပ်ပြီး ရယ်ပါ။
(၅) ကော်ဖီသောက်ပါ
ခရင်မ်မပါ။ သကြားမပါတဲ့ ကော်ဖီကို သောက်ပေးတာက အယ်လ်ဇိုင်းမားရောဂါ အန္တရာယ်ကို လျော့ကျစေပါတယ်။
(၆) ငါးစားပါ
တစ်ပတ်မှာ ၃-၄ ကြိမ်ခန့် ငါးစားပေးပါ။ တကယ်လို့ ငါးမစားဖြစ်ပါက ငါးကြီးဆီ (Omega 3 fatty Acit)အားဖြည့်ဆေးကို နေ့စဉ်စားပေးပါ။
No comments:
Post a Comment