Blogger Widgets

Wednesday, November 13, 2013

November 2 ရက်နေ့ထုတ် viber version 4.0 (Latest Version)

viber version 4.0 version အသစ်မှာ အရမ်းမိုက်တဲ့ စတစ်ကာပေါင်း ၁၀၀၀ ကျော်ရှိတဲ့
Free , Paid Sticker တွေရယူနိုင်တဲ့ Sticker Market ပါဝင်လာပါပီ။

နောက်ထပ်အနေနဲ့ Voice Message ကဲ့သို့ အသံဖိုင်ပေးပို့နိုင်တဲ့ Function အသစ်ပဲဖြစ်ပါတယ် ။ ကိုယ့်ပြောချင်တဲ့အသံတိုက်ရိုက်သွင်းပီး တစ်ဖက်သူဆီပေးပို့
နိုင်ပါတယ် ၊ chat background ကိုလဲစိတ်ကြိုက်ဖြစ်စေ Viber ရဲ့ background ဖြစ်စေ
အလှဆင်နိုင်ပါပြီ။ 


play google store မှာ ဒေါင်းလုဒ်ရယူနိုင်ပါပြီ..



Monday, November 11, 2013

Android မှာTask Killer တွေမသုံးသင့်တဲ့ အကြောင်းအရင်းများ။

Android မှာTask Killer တွေမသုံးသင့်တဲ့ အကြောင်းအရင်းများ။
====================================

Android Phone တွေမှာ Task Killer App မရှိတဲ့ဖုန်းဆိုတာ မရှိသလောက်ရှားပါးတာသေချာပါတယ်။Task Killer တွေက Background မှာ Run နေတဲ့ App တွေကို ပိတ်ခြင်းအားဖြင့် ဖုန်းရဲ့  Performance နဲ့  Battery Life ကိုကောင်းမွန်စေပါတယ် လို့ အများစုကထင်ကြပါတယ်။တကယ်တော့ Task Killer တွေဟာဖုန်းရဲ့ Performance နဲ့ Battery Life ကိုကျဆင်းစေပါတယ်။ဒီလိုပြောရင်ယုံကြည်မယ့်သူမရှိဘူး လို့ ထင်ပါတယ်။ Task Killer တွေမသုံးသင့်တဲ့အကြောင်းကို နိုင်ငံခြားနည်းပညာ ဆိုက်တွေမှာတွင်တွင်ကျယ်ကျယ်ရေးသားနေကြလို့  ကောင်းမွန်တဲ့ နည်းကိုရွေးချယ်နိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်။ 
Task Killer တွေဟာ Background မှာ Run နေတဲ့ Apps တွေကို Force Close လုပ်ပါတယ်။ Memory ကနေ App တွေကိုဖယ်ထုတ်လိုက်ပါတယ်။တစ်ချို့  Task Killer တွေက အလိုလို ပြုလုပ်ပေးတတ်ပါသေးတယ်။ဒါပေမယ့် Android က Processes တွေကို သူ့ ဘာသာ Manage လုပ်နိုင်ပါတယ်။ အဲဒီအတွက် Task Killer တွေမလိုအပ်ပါဘူး။

Android က Windows လို Processes တွေကို Manage လုပ်တာမဟုတ်ပါ။
----------------------------------------------------------------------------
Android Users အများစုက ၀င်းဒိုး ကိုရင်းနှီးပြီးသားဖြစ်ကြပါတယ်။ဝင်းဒိုးမှာဆိုရင် System Tray မှာ Run နေတဲ့ App တွေဖြစ်ဖြစ်၊ Desktop မှာ Run နေတဲ့ App တွေဖြစ်ဖြစ် ဒီလို Run နေတဲ့ Apps တွေဟာ ကွန်ပြူတာရဲ့ Performance ကိုကျစေပါတယ်။အသုံးမပြုတဲ့ Apps တွေကို ပိတ်ခြင်းအားဖြင့် ၀င်းဒိုးကွန်ပြူတာရဲ့  Performance ကိုတက်စေပါတယ်။

Tuesday, November 5, 2013

google play မှ apk များ ဒေါင်းလုဒ်ယူချင်လျှင်

google play မှ apk များ ဒေါင်းလုဒ်ယူချင်သူများ အတွက် http://apps.evozi.com/apk-downloader/ ဆိုတဲ့ Link ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါသည်..။

အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို မမေးသင့်တဲ့မေးခွန်း ၅ ခု



လူမှုအသိုင်းအဝိုင်းထဲမှာဝင့်ဆံ့နိုင်ဖို့ ဆိုရင် စကားများများပြောဆိုသင့်ပါတယ်။ စကားချည်းပဲပြောဆိုနေရုံနဲ့ လည်းလူအများရဲ့ စိတ်ဝင်စားမှုကိုဖမ်းစားနိုင်မှာမဟုတ်ပါဘူး။ စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းလေး တွေကိုစကားဝိုင်းတစ်ခုမှာ ထုတ်ဖော်မေးမြန်းနိုင်ရင်တော့ ကိုယ်ပြောနေတဲ့ စကားဝိုင်းကလူတွေအားလုံးရဲ့  အာရုံကိုဖမ်းစားနိုင်မှာပါ။ ဒါပေမယ့် အချိန်အခါ နေရာရွေးပြီးတော့ မေးသင့်ပါတယ်။ အထူးသဖြင့် စကားဝိုင်းမှာ အမျိုးသမီးတွေပါနေရင် သူ့ တို့ ကိုမမေးသင့်တဲ့ မေးခွန်းတွေရှိပါတယ်။ ဒါတွေကတော့-


၁) အရင်ရည်းစားက ဘယ်လိုပုံစံမျိုးလဲ၊
ဒီလိုမေးခွန်းတွေက အမျိုးသမီးတွေကိုအကြပ်ရိုက်မိစေတတ်ပါတယ်။ အရင်ရည်းစားလို့  ဆိုလိုက်ကတည်းက အတိတ်ကာလက စိတ်ပျက်စရာကိစ္စတစ်ခုလို ဖြစ်သွားပြီမို့ လို့  အတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီး နောက်ကြောင်းတွေ မပြန်ခိုင်းချင်ပါနဲ့ တော့။
၂)ကိုယ်ဝန်ရှိနေပြီလား။
မေးခွန်းတစ်ခုရဲ့ အဓိပ္ပာယ်ကိုထဲထဲဝင်ဝင် လေးလေးနက်နက် စဉ်းစားနိုင်စွမ်းက အမျိုးသမီးတွေမှာ ရှိတတ်ပါတယ်။ နည်းနည်းအဝလွန်နေတဲ့ အမျိုးသမီးတွေကို ဒီလိုမေးခွန်းမေးလိုက်တာကသူတို့ စိတ်ကိုတော်တော်လေးထိခိုက်စေပါတယ်။ဒီအမျိုးသမီးတွေမှာနဂိုကတည်းကကိုယ်အလေးချိန်နဲ့ ပက်သက်ရင် စိတ်ဖိစီးမှုတွေရှိနေတတ်ကြပါတယ်။ နောက်တစ်မျိုးကတော့

Thursday, October 31, 2013

ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန် မြန်မာစာတတ်ကျွမ်းသည့်ဝန်ထမ်း ခန့်အပ်

ဖ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင် ဖေ့စ်ဘွတ်ကိုသုံး၍ ပြည်တွင်း၌ အမုန်း ဖွယ်ကိစ္စရပ်များ ပြုလုပ်ကြောင်း ပြောဆိုမှုများကြောင့် ယင်းသို့ မြန်မာစာတတ်ကျွမ်းသည့်ဝန်ထမ်း ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်၏ Global Public Policy ဌာန ဒါရိုက်တာဖြစ်သူက ယခုလနောက်ဆုံးပတ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း တွင် ကျင်းပသည့်Internet Governance ဖိုရမ်၌ အထက်ပါအဖွဲ့သို့ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားလို့တော့ မပြောဘူး။ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်မယ်။ သူက စီမံခန့်ခွဲရေးအပိုင်း ဖြစ်ဖို့များတယ်” ဟု MIDO မှ ဖိုရမ်သို့ တက်ရောက်ခဲ့သူ မထိုက်ထိုက်အောင်က ပြော သည်။၎င်းဝန်ထမ်းက မြန်မာပြည်မှ အ သုံးပြုသူများ၏ ပေ့ခ်ျများကို အချိန်ပြည့် ကြည့်ရှုနေမည်မဟုတ်ဘဲ အမုန်းပွား ဖွယ်ဆန်သည့် ပဋိပက္ခအသွင်ဆောင် စကားလုံးများ ပါဝင် သည့် ပေ့ခ်ျတို့ကို သာ စောင့်ကြည့်မည်ဖြစ်သည်။

Monday, October 28, 2013

သင် မှတ်ဥာဏ်ကောင်းလိုသလား....

မှတ်ဥာဏ်ကောင်းလိုသလား

တစ်နေ့မှာ မိနစ် (၃၀)လမ်းလျှောက်တာလိုပဲ အောက်ပါ နည်းလမ်းခြောက်သွယ်ဟာလည်း ဦးနှောက်ကို ကျန်းမာထက်မြက်နေစေပါတယ်………………….

(၁) အိန္ဒိယအစားအသောက်စားပါ
သီတင်းပတ်တိုင်းမှာ နနွင်း၊ မုန့်ညင်းနဲ့ တခြားဟင်းခတ်
အမွှေးအကြိုင်ပါတဲ့ အစားအသောက်တွေကို အနည်းဆုံး ခြောက်ကြိမ်ခန့် စားပေးပါ။ နနွင်းထဲမှာပါတဲ့ ကာကူမင်(Crucumin)ဓာတ်ဟာ အယ်လ်ဇိုင်းမား
ရောဂါ အန္တရာယ်ကို လျော့ကျစေပါတယ်။

(၂) သူတစ်ပါးကို သင်ကြားပေးပါ
ဘ၀တစ်လျှောက်လုံး သင်ယူသူအဖြစ် နေထိုင်ရင်းသူတစ်ပါးကို ပညာမျှပေးပါ။ သင့်အနေနဲ့ တခြားတစ်ယောက်ကို ပညာတွေ မျှဝေပေး
တာကသင့်အနေနဲ့ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို စုဆောင်းထိန်းသိမ်းပေးရာ ရောက်ပါတယ်။

(၃) ခရမ်းချည်သီးစားပါ
တစ်ပတ်မှာအနည်းဆုံး ခရမ်းချည်သီးစားမြိန်ရည် (Tomato sauce) (၁၀)ဇွန်းကို သံလွင်ဆီ၊ သကြားမပါဘဲ စားပေးတာက ဦးနှောက် စွမ်းအားကို
ကောင်းမွန်စေပါတယ်။

Friday, September 20, 2013

GTalk မှ နောက်ဆုံးရ မြန်မာသတင်းများ ဖတ်နိုင်ပြီ

GTalk မှ နောက်ဆုံးရ မြန်မာသတင်းများ ဖတ်နိုင်ပြီပြည်တွင်း၌ တရားဝင်ထုတ်ဝေနေသည့် ဂျာနယ်များမှ ရရှိသည့် နောက်ဆုံးရသတင်းများကိုG Talk အသုံးပြုသူများ အချိန်မရွေးဖတ်ရှု နိုင်မည့်စနစ် မြန်မာအင်တာနက်မှ စတင်လိုက်ပြီဟု သိရသည်။ သတင်းဖတ်ရှုလိုသူများ သည် မိမိ G Talk တွင် friends. myan-mar.burma@ gmail.com
ကို မိတ်ဆွေစာရင်းတွင် ထည့်သွင်းထားရမည်ဖြစ်သည် ထိုမိတ်ဆွေအမည်ကို ပုံမှန်စာရိုက်၍ စကားပြောသကဲ့သို့ စာတစ်ခုခုရိုက်ထည့်၍ Enter နှိပ်လိုက်ပါက နောက်ဆုံးရ သတင်း ၁ဝ ပုဒ်ကို ချက်ချင်းထုတ်ပြပေးမည်ဖြစ်သည်။ ၄င်းသတင်းများကို နေ့စဉ် ပုံမှန်ထွက်ရှိနေသည့် ပြည်တွင်းထုတ် ဂျာနယ်များမှရွေးကာာ myanmar- myanmar. net မှ ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။ ”သိသင့်သိထိုက်တဲ့သတင်းတွေကို ရွေးဖော်ပြပေးမှာပါ။ ဖော်ပြရင်လည်း တစ်ပုဒ်လုံးမဟုတ်ဘဲ အဓိက အကြောင်းအရာပဲ ဖော်ပြမှာပါ။ ကိုယ်တိုင်ကလည်း နည်းပညာပိုင်း လုပ်နေတာဖြစ်တဲ့ အတွက် နည်း ပညာပိုင်းမှာ သိသင့်တဲ့ဟာတွေကိုလည်း ဘာသာပြန်ပြီး ထည့်ပေးမယ်” ဟု မြန်မာအင်တာနက်မှ တာဝန်ရှိသူ တစ်ဦးက သတင်းတင်ပြမှုနှင့် ပတ် သက်၍ ရှင်းပြသည်။ ပြည်ပရောက် မြန်မာအများစုအနေဖြင့် ပြည်တွင်းသတင်းဂျာနယ်များမှ သိသင့်သိထိုက်သည့် သတင်းများကို ဖတ်ရှုနိုင်ရန် တင် ပြပေးခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ပြည်တွင်းထုတ် သတင်းဂျာနယ်များမှ စိစစ်ရေးခွင့်ပြုချက်ရ သတင်းများကို ဖော်ပြသည့် သတင်းဝက်ဘ်ဆိုက် www. myanmar-myanmar.net မှ နေ့စဉ်သတင်းဂျာနယ်ပေါင်းစုံမှ သတင်းများကို အခမဲ့ဖတ်ရှုနိုင်ကြောင်း သိရသည်

Credit to Myanmar Daily News

Tuesday, September 10, 2013

အမည်းစက်နဲ့ အမာရွတ်တွေ ပျောက်ကင်းပြီး ချောမွေ့လှပတဲ့မျက်နှာလေး ဖြစ်စေတဲ့ နည်းလမ်းကောင်းလေးများ

အမည်းစက်နဲ့ အမာရွတ်တွေ ပျောက်ကင်းပြီး ချောမွေ့လှပတဲ့မျက်နှာလေး
ဖြစ်စေတဲ့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးလိုက်ပါတယ်နော်......

မျက်နှာပြင်ပေါ်မှ အမာရွတ်များ ပျောက်စေရန်

(၁) သံပရာရည်ဖြင့် အမာရွတ်ပေါ် ကို (၁၅)မိနစ်ခန့် တစ်နေ့လျှင် (၂) ကြိမ် လိမ်းပေးပါ။

(၂) ရေခဲတုံးနှင့်အမာရွတ်ကို နေ့စဉ် (၁၅)မိနစ်ပွတ်ပေးပါ။

(၃)ရှားစောင်းလက်ပတ်မှ အစေးကို လိမ်းပေးခြင်းဖြင့်
ရေရှည်မပျောက် နိုင်သောအမာရွတ်ကို တဖြည်း ဖြည်းမှေးမှိန်လာစေသည်။

(၄) Tree Tea Oil ကို အရေပြား ပေါ်တွင် နေ့စဉ်လိမ်းပေးပါ။ တစ် ခါလိမ်းပြီးတိုင်း မိနစ်(၃၀)ထားပါ။ အမာရွတ်ကို သိသာစွာလျော့ပါး သွားစေသည်။

(၅)အမာရွတ်မှ အမည်းကွက်သဏ္ဍာန်ကျန်ခဲ့လျှင်

Monday, September 2, 2013

ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးလိုက်နဲ့ ဆံပင်သားတွေခြောက်သွေ့ ပျက်စီးပြီး အဖျားနှစ်ခွတွေဖြစ်လို့ စိတ်ညစ်နေပါသလား...

ဆံပင် အဖျားနှစ်ခွဖြစ်ခြင်း ကင်းစေရန်

ဆံပင် အဖျားနှစ်ခွဖြစ်ခြင်း ကင်းစေရန် ဆံပင်သားကို အရောင်ဆိုးဆေး၊ အရောင်ချွတ်ဆေး၊ ဆံပင် လိမ်းဂျဲလ်၊ ဆံပင်ဖျန်းစပရေးနဲ့ ဆံပင်လေမှုတ်စက် စတာတွေ ထိတွေ့မှုကြောင့် ဆံပင်သား ခြောက်သွေ့ပျက်စီးမှု ဖြစ်စေရုံ သာမက ဆံပင်အဖျား နှစ်ခွကွဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဦးရေပြားကို ပုံမှန်နှိပ်နယ်ပြီး ရေနွေးငွေ့ပေးပါ

ဦးရေပြားကို အုန်းဆီ၊ သံလွင်ဆီနဲ့ မုန်ညင်းဆီတို့ လိမ်းပြီး တစ်ပတ် နှစ်ကြိမ် အနည်းဆုံး ၁၀-၁၅ မိနစ်ခန့် နှိပ်နယ်ပေး ပါ။ လိမ်းပြီးနောက် အချိန် ၅-၇ မိနစ်ကြာ ဆံပင်သားကို ရေ နွေးငွေ့နဲ့ ပေါင်းခံပေးပါ။ ဒါဆိုရင် ဆံပင်သားထဲကို အဆီ ဝင် ရောက်မှု ကောင်းစေပြီး ဆံပင်သား အရင်းနေရာမှာ သွေးလှည့် ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆံပင်သား စိုပြည်စေတဲ့ အတွက်

သင့်ကျန်းမာရေး (ဦးနှောက်နဲ့ မှတ်ဉာဏ်)

မနက်စာ မစားခြင်းဟာ ဦးနှောက် ညံ့ဖျင်းစေတဲ့ အချက်တစ်ခု ဖြစ်တယ်။ မနက်စာ မရှိရင် သွေးကြောထဲမှာ သကြားဓာတ် နိမ့်ကျပြီး ဦးနှောက်အတွက် လုံလောက်တဲ့ အာဟာရ မရှိဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်း စေပါတယ်။ လိုတာထက် ပိုစားသောက် ပြန်ရင်လည်း ဦးနှောက်ထဲကို သွားတဲ့ သွေးလွှတ်ကြောတွေ တင်းမာစေတဲ့ အတွက် ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်း၊ အသုံးပြု နိုင်စွမ်းနဲ့ သိမ်းဆည်းနိုင်စွမ်း တွေကို ကျစေပြန်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ နီကိုတင်းဓာတ်က စိတ်ကို စွဲလမ်းစေသလို ဦးနှောက်ကို ကျုံ့စေပြီး အယ်ဇိုင်းမားရော ဂါခေါ် လူ့မှတ်ဉာဏ်နဲ့ စဉ်းစား ဆင်ခြင် နိုင်စွမ်းတွေကို ကျဆင်း စေပါတယ်။

အချိုဓာတ် လွန်ကဲစွာ စားသုံးရင် ခန္ဓာကိုယ်အတွက် အသုံးပြုတဲ့ ပရိုတိန်းနဲ့ အစာရေ စုပ်ယူနေမှုကို

Friday, August 23, 2013

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း

ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)
ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ

Thursday, August 22, 2013

အလှအပ အတွက် ခရမ်းချဉ်သီးကို ဘယ်လိုသုံးကြမလဲ…..

ပါးနုသွေး၊ နီမြန်းစေချင်ရင်

တချို့ပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်းပြီး နှင်းဆီရောင် သမ်းနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ချင်ရင် ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးရင် ပါးပြင် ပန်းနုရောင်သန်းရုံမျှမက မျက်လုံး၊ သွား၊ အရည်ပြားတွေပါ ကောင်းမွန်စေပါတယ်။
မျက်နှာသန့်စင်စေချင်ရင်
အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထပြီး ဆယ်ငါးမိနစ်၊ စုစုပေါင်း တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးရင် ရပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာကို

ဖုန်းတလုံးမှတလုံးသို့ငွေလွှဲနည်း

ဖုန်းတလုံးမှတလုံးသို့ငွေလွှဲနည်


မြန်မာ့ဆက်သွယ်ရေး GSM , CDMA ဖုန်းကိုင်ဆောင်သူများ သိရှိရန်
=================================

GSM ဖုန်းတစ်လုံးကနေ တစ်လုံးကို Phone Bill လွှဲတဲ့ code ဖြစ်ပါတယ်။
*123*Pin No*phone no # then call
(ဥပမာ- *123*217675393302988839*092003747#) ပြီးလျှင် call လိုက်ပါ။

CDMA ဖုန်းတစ်လုံးကနေတစ်လုံးကို Phone Bill လွှဲတဲ့ code ဖြစ်ပါတယ်။
*166* Pin No * Phone no # then call
(ဥပမာ- *123*217675393302988839*0931231602#) ပြီးလျှင် call လိုက်ပါ။

Wednesday, August 21, 2013

ရှေ့ဆက်သွားနိုင်ဖို့ သင် စွန့်လွှတ်ရမယ့် အရာ(၁၀)ခု

ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။

၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း

အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။
သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း

သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

Friday, August 16, 2013

ဝက်ခြံနဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ်ရှားမယ်

ဝက်ခြံ ဆိုတာ… အဆီရယ် ချွေးရယ်.. ချေးညှော် တွေရယ် ပေါင်းပြီး ထွက်လာရတာပါ။ အဲ့ဒီတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်…..

၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။
ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန်တွေ ကနေ… ည အိပ်နေတဲ့ အချိန်မှာ ပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့လမ်း ဖြစ်လာတတ်လို့။

၂။အဆီပြန် တတ်တဲ့ အသားအရည် ပိုင်ရှင်များက အစားအသောက် စားတဲ့အခါ အဆီအစိမ့်နဲ့ နို့ထွက် ပစ္စည်းကို ရှော့စားပေးပါ။

Thursday, August 15, 2013

ကိုယ့် Facebook ထဲ က တန်ဘိုး ရှိတဲ့ အချက်အလက်တွေကို ကြိုတင်သိမ်းထားဖို့

ကိုယ့် Facebook ထဲ က တန်ဘိုး ရှိတဲ့ အချက်အလက်တွေကို ကြိုတင်သိမ်းထားဖို့
------------------------------------------------------------------------------

Facebook Backup လုပ်နည်းအဆင့်အဆင့်....

သင့် facebook account ထဲက ဓာတ်ပုံတွေ.. ဗွီဒီယိုတွေနဲ့ စာသားတွေကို backup လုပ်ချင်ပါ သလား ....

Facebook ဟာ သူ့ရဲ့ user တွေကို သူတို့ရဲ့ ဓာတ်ပုံတွေ... ဗွီဒီယိုတွေနဲ့ စာသားတွေအာလုံးကို Backup လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်... လုပ်ဆောင်ရမယ့် အဆင့်ဆင့်ကို လေ့လာ ကြည့်လိုက်ကြရအောင်...

ပထမဆုံး သင့်အကောင့်ထဲ ဝင်လိုက်ပါ.... ပြီးရင် အပေါ်က blue bar လေးရဲ့ ညာဘက်ထောင့်မှာရှိတဲ့ စက်သွားပုံလေးကိုနှိပ်လိုက်ပါ... အဲ့ဒီမှာ ပေါ်လာတဲ့ထဲက Account Settings ဆိုတာကို ထပ်နှိပ်ပါ...

အဲ့ဒီ အခါမှာ General Account Settings ထဲကို ရောက်သွားပါလိမ့်မယ်... အလယ်က အကွက်ထဲက Name, Username တို့ရဲ့ အောက်ဆုံးမှာ Download a copy of your Facebook data. ဆိုတာကို တွေ့ရပါ လိမ့်မယ်... အဲ့ဒီ Download a copy ဆိုတာလေးကို နှိပ်လိုက်ပါ...

အဲ့ဒီအခါ ပုံမှာပြထားတဲ့အတိုင်း Download Your Information ဆိုတာလေး တက်လာပါလိမ့်မယ်... အဲ့ဒီက Start My Archive ဆိုတဲ့ ခလုတ် အစိမ်းလေးကို ထပ်နှိပ်လိုက်ပါ...

သင့်ရဲ့ password ကိုတောင်းပါလိမ့်မယ်... password ရိုက်ထည့်ပေး လိုက်ပါ... ပြီးရင် သင့်အချက်အလက် အားလုံးကို စုဆောင်းဖို့ အချိန်ယူဖို့ လိုမယ့်အကြောင်း message တစ်ခုပေါ်လာပါ လိမ့်မယ်...

သင့်အချက်အလက်တွေ download ချဖို့ အဆင်သင့်ဖြစ်တာနဲ့ သင့်ဆီကို မေးလ်တစ်စောင် ရောက်လာပါလိမ့်မယ်... အဲ့ဒီမေးလ်ထဲက လင့်အတိုင်း သွားလိုက်ရင် သင့် personal အချက်အလက်တွေ အားလုံးကို .zip file နဲ့ ချုံ့ထားပြီး အလွယ်တကူ download လုပ်ယူနိုင်ပြီ ဖြစ်ပါတယ်...

နှိုင်းရင့်နွေ computer hub မှ...
Via-Maukkha Education Magazine

ပျိုမေတို့အတွက် ကျစ်ဆံမြီးလှလှလေး ကျစ်နည်း

ပျိုမေတို့အတွက် ကျစ်ဆံမြီးလှလှလေး ကျစ်နည်း



Wednesday, August 14, 2013

အမာရွတ် များ မကျန်ရလေအောင်...

ထိခိုက် ဒဏ်ရာ များမှ ဖြစ်လာ တဲ့ အမာရွတ် များ ဟာ အရုပ် ဆိုးလှ တဲ့ အမာ ရွတ်တွေကို ကျန်ရစ်စေပါတယ်။ ဒါ့ကြောင့် ရှရာ၊ ခြစ်ရာမှ ကျန်ရှိခဲ့တဲ့အမာရွတ်ကို ပျောက်ကင်းစေတဲ့ လက်တွေ့လုပ်ဆောင်ချက်များကို ဖော်ပြလိုက်ရပါတယ်။ 
- သန့်ရှင်းအောင်ထားပါ။ တတ်နိုင်သမျှ အမြန်ဆုံး သင့်ရဲ့ ရှ၊ ခြစ်မိတဲ့ ဒဏ်ရာကို ရေအေးအေးနှင့် စင်အောင်ဆေးကြောပစ်ပါ။

- အနာကို ဖုံးအုပ်ထားပါ။ ထိခိုက်ဒဏ်ရာကို အုပ်ထားခြင်းက အထဲမှာ ရေငွေ့ရှိနေပြီး ဒုက္ခပေးနိုင်တဲ့ ပစ္စည်းများကို အပြင်သို့ထွက်သွားစေပါတယ်။


- အနာဖေးကိုမဖဲ့၊ မခွာပါနှင့်။ အနာဖေးတက်ခြင်းက ခန္ဓာကိုယ်ရဲ့ သဘာဝ အနာကျက်စေတဲ့ ဖြစ်စဉ်တစ်ရပ်ပဲဖြစ်တယ်။ အနာလုံးဝ မကျက်ခင်မှာ အနာဖေး တွေကိုခွာခြင်း၊ ဖဲ့ခြင်းက အနာထဲ ပိုးဝင်သွားစေနိုင်ပါတယ်။ ဒါ့အပြင် အမာရွတ် ကို ပိုမိုကြီးသွားစေနိုင်ပါတယ်။

Tuesday, August 13, 2013

သင့်ရဲ့ လျှပ်တပြက် ဥာဏ်ကို စမ်းသပ်ကြည့်ရအောင်...!

အခု အောက်မှာ မေးမယ့် မေးခွန်းတွေကို အချိန်ယူစဉ်းစားတာမျိုးမလုပ်ဘဲ ရိုးရိုးသားသားနဲ့ မြန်မြန်ဖတ် မြန်မြန်ဖြေ လုပ်ကြည့်ပါ...
(အချိန်ယူ စဉ်းစားနေမယ်ဆိုရင် ပျော်ရမှာမဟုတ်ဘူးလို့တော့ ကြိုပြောပါရစေ... :P)... ကဲ စလိုက်ရအောင်ဗျာ...
ထပ်ပြီး သတိပေးပါရစေ... မြန်မြန် ဖတ်ပြီး မြန်မြန်ဖြေရမှာပါ....


၁။ အပြေးပြိုင်ပွဲတစ်ခုမှာ သင်ပါဝင်ယှဉ်ပြိုင်နေတယ် ဆိုပါစို့... ဒုတိယနေရာက လိုက်နေတဲ့ လူကို သင်ကျော်တက်လိုက်တယ်... အခု သင်ဘယ်နေရာကနေ ပြေးနေပါသလဲ??

Monday, August 12, 2013

နှုတ်ခမ်းဆိုးဆေးများနှင့် ကင်ဆာအန္တရာယ်

ပျိုမေများ နှုတ်ခမ်းဆိုးဆေးတောင့်များကို အသုံးမပြုခင်မှာ လက်ဖ၀ါးပေါ်မှာ ဖြစ်ဖြစ် အရင် ဆိုကြည့်ပြီး ရွှေ(လက်စွပ်)နဲ့ ပွတ်ကြည့်လိုက်ပါတဲ့

တကယ်လို့ နှုတ်ခမ်းဆိုးဆေးအရောင်က မူလအရောင်ကနေအမည်းရောင်သို့ ပြောင်းသွားတယ်ဆိုရင် အသုံးမပြုသင့်ပါဘူးတဲ့ဗျာ

Friday, August 9, 2013

ခြင်ဆေးခွေမှ အန္တရာယ်

အိမ်မှာခြင်ကိုက်လို့ ခြင်ဆေးထွန်းတာဟာ
စီးကရက်(၁၃၇)လိပ်သောက်တာနဲ့ ညီမျှပါတယ်...

အဲ့ဒါကြောင့်ခြင်ဆေးဟာမိသားစုအတွက်
အဆုတ်နဲ့ ပက်သတ်တဲ့ရောဂါပေးပြီးအသံတိတ်လူသက်နေပါတယ်...

ဒါတင်မကသေးပဲ ကင်ဆာဖြစ်စေနိုင်တဲ့အဓိကဇာတ်ကောင်တွေထဲမှာလည်း
ခြင်ဆေး ပါဝင်နေပါတယ်...

ပါဝင်ပစ္စည်း။ ။ဗိုင်ဒါကော်၊လွှစာမှုန့် ၊ဆိုးဆေး၊ဓါတုအမွှေးအကြိုင်ဆေးရည်
ပိုးသက်ဆေးအမျိုးမျိုး(S-2)တို့ ဖြင့်ပေါင်းစပ်ထုတ်လုပ်ထား
ပါသည်။

(S-2)ဓါတုပိုးသက်ဆေးသည် အပြင်းထန်ဆုံးသော
ဓါတုပစ္စည်းဖြစ်သည်။

ZK
(ကနောင်)
Scientist Myanmar

မျက်မှာပေါ်က အမဲစက် ပျောက်နည်း

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။

နောက်ထပ် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။

သင်္ချာပညာရပ် (သို့မဟုတ်) ကိန်းဂဏန်းများ၏ အလှတရား

သင်္ချာပညာရပ် (သို့မဟုတ်) ကိန်းဂဏန်းများ၏ အလှတရား

1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 = 987654321

Android ဖုန်း ကို အင်တာနက် မြန်အောင်လုပ် နည်း

E က တော့ Gsm လိုင်း ကနေ အင်တာနက် သုံးနေ တာ ဖြစ် ပြီး H ကတော့ wcdma လိုင်းကနေ သုံးနေ တာ ဖြစ် ပါတယ် ။သို့ သော် အသုံးပြု ခ ၄ကျပ် သို့ ပြောင်းလဲ သွား ပါတယ် ။

ကောင်းချက် - အင်တာနက် ပိုမို သိသာ စွာ မြန်လာ ပါ သည် ။

ဆိုးချက် - ဆက်သွယ် ရေးတိုင် နည်း သဖြင့် ဖုန်း လိုင်း တိုင် များ နည်းသွားနိုင်သည် ။

ပုံမှန် Android ဖုန်းများ တွင် Settings - Wireless and network -Mobile Networks - Network mode - WCDMA only ပြောင်းပေးလိုက် ပါ ။ထိုချိန် တွင်း အင်တာ နက် ပိတ်ထားဖို့ လိုပါတယ် ။

Tuesday, August 6, 2013

Ebooks Link များ(၂)

(က)
ကလျာ(၀ိဇ္ဇာ-သိပ္ပံ)စာအုပ်များ(၃အုပ်)
http://is.gd/hVMbe8
ကံချွန်၏စာအုပ်များ (၉ အုပ်)
http://is.gd/vn6E7T
ကာတွန်း ဦးဖေသိန်းစာအုပ် (၁ အုပ်)
http://is.gd/8Vbw0V
ကိုပိုက်စာအုပ်များ(၈ အုပ်)
http://is.gd/umti0s
ကိုရွှေတောသား၏စာအုပ်များ (၉ အုပ်)
http://is.gd/Z8r5eX
ကောင်းသန့်စာအုပ်များ (၄ အုပ်)
http://is.gd/VLlwQI

Friday, August 2, 2013

လေးနေသော ကွန်ပျူတာကို softwareမသုံးပဲမြန်ဆန်စေရန် နည်းလမ်းလေးတွေပါ။

မလိုအပ်တဲ့ဖိုင်တွေရှင်းလင်းပေးရပါမည်။

1.  Window+r ကို နိုပ်ပါ။ Run box ကျလာပါမည်။ tempလို့ ရိုက်ထည့်ပါ။အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို Ctrl+A နဲ့အကုန်ယူပြီးဖျက်ပါ။(လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရပါ။)
2.  Window+r ကို နိုပ်ပါ။ Run box ကျလာပါမည်။% temp%လို့ ရိုက်ထည့်ပါ။အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို Ctrl+A နဲ့အကုန်ယူပြီးဖျက်ပါ။(လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရပါ။)
3.  Window+r ကို နိုပ်ပါ။ Run box ကျလာပါမည်။ prefetchလို့ ရိုက်ထည့်ပါ။အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို Ctrl+A နဲ့အကုန်ယူပြီးဖျက်ပါ။(လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရပါ။)
4.  Window+r ကို နိုပ်ပါ။ Run box ကျလာပါမည်။ cacheလို့ ရိုက်ထည့်ပါ။အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို Ctrl+A နဲ့အကုန်ယူပြီးဖျက်ပါ။(လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရပါ။)
5.  Window+r ကို နိုပ်ပါ။ Run box ကျလာပါမည်။ recent လို့ ရိုက်ထည့်ပါ။အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို Ctrl+A နဲ့အကုန်ယူပြီးဖျက်ပါ။(လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရပါ။)

Thursday, August 1, 2013

၁၅၀၀တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်

၁၅၀၀တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ယင်းသို့ဖုန်းခေါ်ဆိုရာတွင် ရိုက်နိုပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်း။ သက်ဆိုင်ရာနိုင်ငံ codeေ၇ှ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမည်ဖြစ်ကြောင်းနှင့် ယင်းcode များမှာ-

Singapore - 010065
Malaysia - 010060
Thailand  - 010066
Brunei - 0100637
Indonesia - 010062
Laos - 0100856
Vietnam - 010084
Cambodia - 0100855
Philippines - 010063 တို့ဖြစ်ပါသည်ဒ
ယင်း 0100 code နဲ့ နိုင်ငံ code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့် ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး ဖုန်းပြောနိုင်ပါပြီ..


SKY NET အခပေး ရုပ်သံလိုင်း လစဉ်ကြေး ပြောင်း

ပရီးမီးယားလိဂ် ဘောလုံးပွဲများကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းမူပိုင် ထုတ်လွှင့် ပြသခွင့် ရထားသည့် SKY NET အခပေး ရုပ်သံလိုင်းက လစဉ်ကြေးများကို မူလ သတ်မှတ်နှုန်းထားမှ လိုင်းအုပ်...စုများ ခွဲပြီး သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ နှုန်းထားသစ် ပြောင်းလဲ ကောက်ခံ သွားမည် ဖြစ်ကြောင်း SKY NET အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြော ကြား သည်။

လစဉ်ကြေးများ ပြောင်းလဲ ကောက်ခံရာတွင် ရုပ်သံလိုင်းပေါင်း ၂၀ မှ လိုင်းပေါင်း ၁၀၀ ကျော်အထိ ကြည့်ရှုနိုင်မည့် Package သုံးမျိုး ခွဲခြား ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှု

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့်
Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင်
အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။
ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။
သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။



Saturday, July 20, 2013

Telenor ဆင်းမ်ကတ်များတွင် အင်တာနက် တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး လိုင်စင်ရအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်

Telenor မှ ဆင်းမ်ကတ်များတွင် အင်တာနက် ၀န်ဆောင်မှုပါ တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး ၎င်းတို့ကုမ္ပဏီ အနေနှင့် လိုင်စင်လက်ဝယ် ရရှိအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း Telenor Myanmar ၏ CEO အဖြစ် ခန့်အပ်ခံရသူ မစ္စတာ ပတ်တာဖားဘတ်က ဇူလိုင် ၁၇ တွင် ပြောကြားလိုက်သည်။

"အခုက တာဝါတိုင်တွေဆောက်ဖို့ ပူးတွဲလုပ်ကိုင်မယ့် သူတွေနဲ့ ဆွေးနွေးညှိနှိုင်း နေပါတယ်။ တစ်နိုင်ငံလုံးမှာ 2G ရော 3G ပါ သုံးစွဲနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်ကိုလည်း ၁၅၀၀ ထက်နည်းတဲ့ ငွေကြေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။

Monday, July 8, 2013

Facebook user များသတိပြုရန်

သတိပြုရန် ။ ။.............. ................................

Facebook Account ရှိသူတိုင်းအတွက် ရည်ရွယ်ပါတယ် ။

ကိုယ့် မိတ်ဆွေထဲက တစ်ယောက်ယောက်ရဲ နာမည်နဲ့ပဲဖြစ်ဖြစ် "Visit the New Facebook" ဆိုတဲ့ 
လင့်(ခ်)ကို ပေးလာရင် မဖွင့်ကြပါနဲ့ ။ ဖွင့်လိုက်တာနဲ့ကိုယ့် Facebook စာမျက်နှာ ပျောက်သွားပါလိမ့်မယ် ။ ကိုယ့် ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပြီး ကိုယ့်စာမျက်နှာပျက်သွားအောင် လုပ်မှာမို့ သတိထားကြပါ ။

IDM version 7.1

IDM ဆိုတဲ့ (Internet Download Manager)ကို သိကြမှာပါ။ တချို့ IDM တွေမှာ သုံးနေရင်းနဲ့ code တောင်းလာတာကြုံဖူးတဲ့သူတွေအတွက်..IDM version 7.1 လေးပါ။ သူက install လုပ်လိုက်ရုံပါပဲ..ဘာ crack ဖိုင်မှမလိုပါဖူး..IDM တော်တော်များများထဲမှာတော်တော်အဆင်ပြေတဲ့ကောင်လေးပါ။

Saturday, July 6, 2013

သွားလေးတွေ ပုလဲစီသလို လှပအောင်

ပုလဲလေးတွေ စီသလိုသွားလေးတွေဖွေးသန့်ဖို့ဈေးကြီးတဲ့သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံတယ်နော်။
ref:Health-care


Friday, July 5, 2013

ဗေဒင်ချစ်သော ဗေဒင်ချစ်သူဝါသနာရှင်လေးများ အတွက်

ဗေဒင်ချစ်သော ဗေဒင်ချစ်သူဝါသနာရှင်လေးများ အတွက် ကောင်လေးဗေဒင်ဆိုတဲ့ android ဆော့ဝ်၀ဲလေးပါ။ ဘယ်လိုတိုက်ဆိုင်မှုလေးတွေရှိမလဲလို့ ဒေါင်း ပြီး စမ်းကြည့်လိုက်နော်။အပျော်သဘောပေါ့။ လိုချင်ရင် အောက်က Link မှာ ဒေါင်းလိုက်ပါနော်။
http://www.solidfiles.com/d/a122e6b369/

သင့်နာမည်ရဲ့ ရှေ့ဆုံး စာလုံးလေးတွေကို ကြည့်ပြီး ဟောကိန်း ထုတ်ကြည့် ကြစို့

A― Romantic (စိတ်ကူးယဉ်ဆန်သူ)
B― Proud (ဂုဏ်ယူဝင့်ကြွားတတ်သူ)
C― Innocent (အပြစ်ကင်းစင်သူ)
D― Lovable (ချစ်ခင်နှစ်သက်ဖွယ် ကောင်းသူ)
E― Good but Hurtful (စိတ်ထားနူးညံ့သူ -သို့သော် -ခံစားလွယ်သူ)
F― Compassionate (မေတ္တာဂရုဏာတရားကြီးမားသူ)
G― Logical Minded (သဘာဝကျစွာ တွေးတောတတ်သူ)
H― Leadership Potential (ခေါင်းဆောင်နိုင်စွမ်းရှိသူ)
I― Helpful (ကူညီမှုတွေနဲ့ ရှင်သန်သူ)
J― Free-Spirited (လွတ်လပ်ပွင့်လင်းစွာ နေထိုင်သူ)
K― Irritating (စိတ်တို ထိခိုက်လွယ်သူ)

Thursday, July 4, 2013

သင့်မျက်နှာက ပြောပြနေသော သင့်ကျန်းမာရေး

သင့်မျက်နှာပေါ်က အချက်အလက်တွေက သင့်ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြနေတယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။ ကိုယ်ခန္ဓာ အချက်ပြမှုတွေကို ဖတ်ရှူရင်း သတိပြုသင့်တဲ့ ကိုယ်တွင်း ကျန်းမာရေး အခြေအနေတွေကို တရုတ်ဆေးပညာအရ အခုလို သိရပါတယ်။

ကျန်းမာရေး အချက်ပြမှု (၁)
နဖူးပေါ် ဝက်ခြံပေါက်လျှင်
တရုတ်ဆေးပညာအရ နဖူးဟာ အစာခြေစနစ်နဲ့ နီးနီးကပ်ကပ် ဆက်စပ်မှုရှိပြီး မျက်ခုံးနှစ်ခု ကြားနေရာက

မိုဘိုင်းဖုန်း Internet Setting ချိန်နည်း

GSM Internet Setting ချိန်နည်း။

ဖုန်းတိုင်း မတူညီ၍ တသတ်မှတ်တည်းတော့ သတ်မှတ်၍ မရပါဘူး။
Name _ နှစ်သက်ရာ ထည့်နိုင်ပါသည်။
APN _ mptnet
Proxy _ မလိုပါဘူး။
Port _ မလိုပါ။
Username_ မလိုပါ။ (တစ်ခါတစ်ရံတော့ လိုအပ်ပါသည်။ mptnet ပဲ ထည့်ပေးပါ)
password _ မလိုပါ။ ( တစ်ခါတစ်ရံတော့ လိုအပ်ပါသည်။ 1234 or 0000 ထည့်ပေးပါ)

Wednesday, July 3, 2013

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် မျက်နှာပေါင်းတင်နည်းများ


အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက အရမ်းဂရုစိုက်ရမယ့် အသားအရေပိုင်ရှင်တွေပါ။ ဒါပေမယ့် သေချာဂရုစိုက်ပေးရင် ၀င်းပကြည်လင်ပြီး ပိုတောင်ကြည့်လို့ကောင်းသေးတယ်နော်။ အဆီပြန်တဲ့ အသားအရေအကြောင်းနဲ့ ဆောင်ရန် ရှောင်ရန်တွေကိုတော့ အဆီပြန်တဲ့ အသားအရေအကြောင်း သိကောင်းစရာအဖြာဖြာ ဆိုတဲ့ ပို့စ်လေးမှာ ဖတ်ကြည့်ပါ။ ခုကတော့ ပေါင်းတင်နည်းတွေကို ပြောပြပေးမယ်နော်။

အဆီပြန်တဲ့ အသားအရေရှိတဲ့သူတွေဟာ အဆီပိုတွေနဲ့ ၀က်ခြံဖြစ်စေတဲ့ဆဲလ်သေတွေကို ဖယ်ရှားနိုင်အောင် ချွေးပေါက်တွေ သန့်စင်ပြီး ချွေးပေါက်မကျယ်အောင်

EBook Links များ(၂)

စာရေးသူအမည်အက္ခရာစဉ်အတိုင်းရှာရန်

(က)


ကလျာ(၀ိဇ္ဇာ-သိပ္ပံ)စာအုပ်များ


(၁)ကလျာ - ရွှေလီချိုင့်ဝှမ်းအလွမ်း
http://www.mediafire.com/?bgkcfaav5eh4h83

(၂)ကလျာ-ဆောင်းဆည်းဆာ
http://www.mediafire.com/?n56ccksymd21gmm

(၃)ကလျာ-သွေးရူးသွေးတမ်း
http://www.mediafire.com/?ou0vb49jyr8btqr


ကံချွန်၏စာအုပ်များ


(၁)ကံချွန် – မန္တလေးမြို့ကလူတွေအကြောင်း
http://www.mediafire.com/?fg22zzdaomz

(၂)ကံချွန် – ပေါ့ပေါ့ပါးပါး ဟာသဝတ္ထုတိုများ
http://www.mediafire.com/?nv0jmi0mmgz

(၃)ကံချွန် – ကြားဖူးနားဝ ဟာသပုံပြင်များ (၁)
http://www.mediafire.com/?kvzdmwngomq

(၄)ကံချွန် – အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၁)
http://www.mediafire.com/?ahtdjytnmjv

(၅)ကံချွန် – အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၂)
http://www.mediafire.com/?ei2fywmeva0

(၆)ကံချွန် – ဒါကဒီလိုရှိတယ် ဟိုဟာကဟိုလိုရှိတယ်
http://www.mediafire.com/?nz0nbfcjwtn

(၇)ကံချွန် – ဒိုးဒိုးဒေါက်ဒေါက် ဟာသများ
http://www.mediafire.com/?eocyzdf4ox4

(၈)ဘ၀အတွေ့အကြုံအတွေးအခေါ်အယူအဆ
http://www.mediafire.com/?h1bso823sg8ckkl

(၉)အင်တာဖျီးနှင့်ဆိုင်ဆိုင်မဆိုင်ဆိုင်
http://www.mediafire.com/?fvs9kzwtluvgy4x

ကိုပိုက်စာအုပ်များ(၆ အုပ်)

(၁)သားကောင်မုဆိုး မဟုတ်လေပြီ
http://www.mediafire.com/?cxjin6n2sabqms0

(၂)အားကိုးရာ ကျည်နှစ်တောင့်
http://www.mediafire.com/?pbzblag66b66f4a

(၃)ဝေး၍ဝေး၍ နေဆဲပါ
http://www.mediafire.com/?p2ppe9t20e4o0yw

(၄)အားကျမုဆိုး အရဲကိုးသော်
http://www.mediafire.com/?af2mxffb7c7rk78

(၅)ဆင်ကုန်းရွာမုဆိုးနှင့် ထူးဆန်းသော တောင်ကုန်း
http://www.mediafire.com/?jb0xvgpo1yk38d7

(၆)ညာသန်နကန်
http://www.mediafire.com/?xq8ch4yccnc82tq

(၇)မျောက်ကောင်ညိုကြီး
http://www.mediafire.com/?u15m19d3vup1ckb

(၈)ဝံကိုက်မြောင် က လေးသံခဲ
http://www.mediafire.com/?bneejelwhxg8596

ကိုရွှေတောသား၏စာအုပ်များ (၉ အုပ်)



ကျော်မြသန်းစာအုပ်များ (၂ အုပ်)



ကျော်ထူး ဝတ္တုစာအုပ်များ(၆ အုပ်)


Tuesday, July 2, 2013

Beauty Quiz

သင့်အနေနဲ့ ဘယ်လို အလှတရားကို ပိုင်ဆိုင်သလဲဆိုတာ သိစေဖို့ အောက်ပါတို့ကို ဖြေကြည့်ပါ။

(၁) သင့်ဆံပင်ကို ဘယ်လို ပြုပြင်လေ့ ရှိသလဲ။

(a) ခေါင်းလျှော်တယ်၊ ကွန်ဒီရှင်နာ သုံးတယ်၊ ပြီးရင် ကြည့်ကောင်းအောင် ပုံသွင်းတယ်၊ မကြာခဏ ဆံပင်ကို ပေါင်းတင်တယ်။

(b) ဆံပင် အလှပြင်ပစ္စည်းနဲ့ ဆံပင် ပုံသွင်းပစ္စည်းတွေကို သုံးရတာ သဘောကျပါတယ်။

Monday, July 1, 2013

ရင့်ကျက်သူဖြစ်ဖို့


(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။

(၂) လမ်းလျှောက်ချိန် ကိုယ်ကို တည့်တည့်မတ်မတ် ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့ လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။

(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။

Friday, June 28, 2013

Facebook က သင့်ကို မပြောပြမယ့် အချက် (၁၃) ချက်

၁။ Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ သိချင်ပါသလား။ Home Menu ထဲက Account Settings ကို ဝင်ပြီး Download a copy of your facebook data ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ ဆိုတာ ကြည့်နိုင်မှာပါ။

၂။ သင်ကတော့ သင့်ရဲ့ သတင်းထူးတွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို တစ်ကမ္ဘာလုံးကို ပြောချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကတော့ သင်တင်သမျှ အကြောင်းအရာတွေကို လူအများ ကြည့်နိုင်တဲ့ Public အနေနဲ့ပဲ Setting မှာ ထားပေးမှာပါ။ သင် များများတင်လေ၊ ပိုကြိုက်လေပေါ့။ လူအတော်များများက Privacy Setting ကို ပြောင်းမှာ မဟုတ်ဘူးလို့ စဉ်းစားပြီးပေါ့။

Tuesday, June 25, 2013

ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့ အသားအရေ ဖြစ်စေဖို့

အသားအရေထိန်းသိမ်းမယ်

- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးပါတယ်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရပါမယ်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား


လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ


ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူနေပြီဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျစေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ် အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။

Tuesday, June 18, 2013

စာစုများ(၁)

(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။

(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။

(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲမရှိပါ ။

(၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။

(၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။

Ebooks linksများ(၁)

 စာအုပ်အမျိုးအစားအလိုက် ရှာချင်သူများအတွက်ပါ..

ဘာသာပြန်စာအုပ်များ - http://is.gd/n4j7eL

သမိုင်းစာအုပ်များ - http://is.gd/B1PIZQ

မြန်မာစွယ်စုံကျမ်း၊စာပေကျမ်း၊စာတမ်း၊ကျောက်စာစာအုပ်များ - 
http://is.gd/4K4SFK


^ Scroll to Top